တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ တွီးမန်ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လူထု စစ်ဆေးပွဲ ပြုလုပ်

Social Audit Conducted for NCDDP’s Village Street Construction in Twee Man Village of Tonzang

Chin, 22 October 2020, SkyNet Media Coverage

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ တွီးမန်ကျေးရွာအုပ်စု တွီးမန်ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း ဆောင်ရွက်ခဲ့မှုကို အောက်တိုဘာလ ၂၀ ရက်နေ့က တာဝန်ကျ လက်ထောက် နည်းပညာမှူး နဲ့ လူထု စည်းရုံးရေးမှူးများက ကျေးရွာ လူထုနဲ့အတူ လူထု စစ်ဆေးပွဲကို ပြုလုပ်ခဲ့ပါတယ်။

အဲလို ပြုလုပ်ရာမှာ တာဝန်ရှိသူတွေ အဖွဲ့မှ စီမံကိန်း လုပ်ငန်းခွဲတွေ ပြီးစီးဆောင်ရွက်မှု အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အားနည်းချက်နဲ့ အောင်မြင်မှု နဲ့ အကြံပြုချက်တွေကို ဆွေးနွေးခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းခွဲရဲ့ လုပ်ငန်းစဉ်နဲ့ ရလာဒ် အပေါ် ကျေးရွာ ကော်မတီဝင်တွေကို မဲပေးကာ ကျေးရွာ နေ ပြည်သူလူထုရဲ့ ဆန္ဒမဲတွေ ကို တစ်အိမ်တက်ဆင်း ကောက်ခံ ယူခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဟာ အရှည် ၈၃၀ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၆ လက်မ ရှိပြီး၊ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ၁၉ ဒသမ ၅ ကျပ် သန်းနဲ့ လူထု ထည့်ဝင်ငွေ သုည ဒသမ ၆ ကျပ်သန်းနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ စတင် လုပ်ဆောင်ခဲ့ပြီးတော့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

သတင်း - ဦးဇော်ဝင်း (CSAGS)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage