အုတ်ဖိုမြို့နယ်အတွက် လူထုဗဟိုပြု စီမံကိန်း မိတ်ဆက် အစည်းအဝေးကို ပဲခူးတိုင်း ဝန်ကြီး တက်ရောက် အမှာ စကားပြောကြား

Bago’s Minister for MOALI Delivers Opening Speech at NCDDP’s Virtual Socialization Meeting for Okpho

Bago, 18 November 2020

ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူး​ပေါင်း အ​ကောင်အထည်​ဖော်​ ဆောင်ရွက် လျက် ရှိသည့် လူထုဗဟိုပြု စီမံကိန်းကို ပဲခူးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ် တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဏာ​ရေးနှစ်မှ စတင်ကာ တိုးချဲ့ အ​ကောင်အထည်​ဖော် ​ဆောင်ရွက်မည် ဖြစ်ပြီး၊ အုတ်ဖိုမြို့နယ် အတွက် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက်ပွဲ အစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက်နေ့က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း​ ဒေသကြီး စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေးနှင့် ဆည်​မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကား​ ပြေားကြားခဲ့သည်။

ဆက်လက်၍ ​လူထုဗဟိုပြု စီမံကိန်း ဒါရိုက်တာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြား​ရေးမှူးချုပ် ​ဒေါ်ညိုညိုဝင်းက စီမံကိန်း မိတ်ဆက် အမှာစကား​ ပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြား​ရေးမှူး လူထု ဗဟိုပြု စီမံကိန်း မန်နေဂျာ ဦးလှခိုင်မှ စီမံကိန်း အ​ကြောင်း မိတ်ဆက် ရှင်းလင်း​ ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို ပဲခူးတိုင်း ​ဒေသကြီး စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေးနှင့် ဆည်​မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်​ဇော်နိုင်နှင့် အတူ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ပဲခူးတိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ညွှန်ကြား​ရေးမှူးများ၊ ပဲခူးတိုင်း​ ဒေသကြီး ဦးစီးမှူးများ၊ ခရိုင် ဦးစီးမှူးများ၊ မြို့နယ် ဦးစီးမှူးများနှင့် ဒေသအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေကြသော လူမှု အဖွဲ့အစည်း (CSO) များမှ ကိုယ်စားလှယ်များ တက်​ရောက် ခဲ့ကြ​သည်။

ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် လူထု ဗဟိုပြု စီမံကိန်းကို ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာနှစ်မှ စတင်ကာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဦးဆောင်၍ နိုင်ငံ တစ်ဝှမ်း မြို့နယ် ၆၃ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ပဲခူးတိုင်း ဒေသကြီး အတွင်း မိုးညို မြို့နယ်၊ ကျောက်ကြီး မြို့နယ်နှင့် ပန်းတောင်း မြို့နယ်တို့တွင် စီမံကိန်း လုပ်ငန်း လေးနှစ်တာ လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ပဲခူးတိုင်း ဒေသကြီး ရွှေကျင် မြို့နယ်နှင့် သဲကုန်း မြို့နယ် တို့တွင် ဆောင်ရွက်လျက် ရှိသော စီမံကိန်း စက်ဝန်း လေးနှစ်တာ လုပ်ငန်းများအနက် စီမံကိန်း စက်ဝန်း ၂ နှစ် တာ လုပ်ငန်းများ ပြီးစီးခဲ့ရာ ကျန်ရှိသော စီမံကိန်း ၂ နှစ်တာ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ အုတ်ဖိုမြို့နယ်တွင် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်ကာ စီမံကိန်း လုပ်ငန်းများကို လေးနှစ်တာ တိုးချဲ့ ဆောင်ရွက် သွားမည် ဖြစ်သည်။