လူထု ဗဟိုပြု စီမံကိန်း မိုင်းခတ်မြို့နယ် ကျေးရွာအုပ်စု ရန်ပုံငွေ ခွဲဝေခြင်း အစည်းအဝေး ကျင်းပ

Fund Allocation for Sub-project Activities in Mongkhet Organized at Kyein Hkwang

Shan, 15 November 2020, SkyNet Media Coverage

လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း ကျေးရွာအုပ်စု ရန်ပုံငွေ ခွဲဝေခြင်း အစည်းအဝေးကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် နောင်လုံး အုပ်စု ကျိုင်းကောင် ကျေးရွာမှာ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကျင်းပခဲ့ရာမှာ ကျေးရွာ ၁၃ ရွာက အာခါ၊ လားဟူ၊ ရှမ်းလူမျိုးစုများ ဖြစ်တဲ့ စီ/ထောက် ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ယခု အခါ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အတွက် လူဦးရေ ကန့်သတ်ပြီး၊ Mask ကို တပ်ဆင်စေပြီးတော့ အကွာအဝေး သတ်မှတ်ကာ ရှင်းပြခြင်း နည်းလမ်းတွေနဲ့ ပြုလုပ်ခဲ့ရာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ စီမံကိန်း တာဝန်ခံ ဦးသက်နောင်ထွေး လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့မှ အဖွဲ့ ခေါင်းဆောင် ဦးမျိုးသန့်နဲ့ ဌာနဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူတွေ တက်ရောက်ကြပြီး၊ ကျေးရွာ တာဝန်ခံ လက်ထောက်နည်းပညာမှူးနဲ့ လူထု စည်းရုံးရေးမှူးတွေက အာခါ၊ လားဟူ၊ ရှမ်း ဘာသာ ၃ မျိုးနဲ့ ဘာသာပြန် ရှင်းပြပေး ခဲ့ကြပါတယ်။

အစည်းအဝေး ရလာဒ် အနေနဲ့ ကျေးရွာ ၇ ရွာက လုပ်ငန်း ၃ မျိုးဖြစ်တဲ့ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ၄ ခု၊ ဆိုလာ မီးတိုင် စိုက်ထူခြင်း ၂ ခု၊ မြေသားလမ်း တိုးချဲ့ခြင်း တစ်ခုတို့ကို အကောင်အထည် ဖော်

ဆောင်ရွက်ဖို့ အတွက် သဘောတူညီ ဆောင်ရွက်ခဲ့ကြပါတယ်။

သတင်း - ခင်မာဌေး

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Medai Coverage