ရမည်းသင်းမြို့နယ်တွင် လူထုဗဟိုပြု စီမံကိန်းမှ အသုံးပြုလျှက်ရှိသော ပုံသေပိုင်ပစ္စည်းများ စစ်ဆေး

NCDDP’s Fixed Assets in Yamethin Monitored by Respective Officials

Mandalay, 22 October 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ်မှာ လူထုဗဟို ပြုစီမံကိန်းက အသုံးပြုလျက်ရှိတဲ့ စီမံကိန်း လုပ်ငန်းသုံး ပုံသေပိုင် ပစ္စည်းတွကို အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ၉ နာရီက မန္တလေးတိုင်း ဒေသကြီး လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးသန်းနိုင်ဦးနှင့် တာဝန်ရှိသူတွေ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ရမည်းသင်းမြို့နယ် လူထုဗဟို ပြုစီမံကိန်းတွင် အသုံးပြုလျက်ရှိသည့် Toyota Double Cab ကားတစ်စီး၊ တီဗွီ၊ မော်တော်ဆိုင်ကယ်များ၊ ကွန်ပျူတာများ၊ မီစက်များ အစရှိသည့် ပစ္စည်းများကို စီမံကိန်း စက်ဝန်း နောက်ဆုံးနှစ် ရောက်ရှိပြီ ဖြစ်၍ စီမံကိန်း ပြီးဆုံးသွားပါက တိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနတို့မှ ခွဲဝေ သုံးစွဲနိုင်ဖို့ ယခုကဲ့သို့ မျက်မြင် လာရောက်စစ်ဆေးခြင်း ဖြစ်ကြောင်း စီမံကိန်း တာဝန်ခံ ဦးသန်းနိုင်ဦးက ပြောပါတယ်။

သတင်း - ရဲအောင် (ကျေးလက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage