လူထုဗဟိုပြု စီမံကိန်းမှ Steel Structure Training သင်တန်း ထီးလင်းမြို့နယ်တွင် ပို့ချ

မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ Steel Structure Training ဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့က အဆိုပါ ရုံးမှာ ရှိတဲ့ သင်တန်း ခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဖွင့်ပွဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးအေးထွန်းမင်းမှ အဖွင့်အမှာစကားပြောကြား ပြီး၊ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းမှ သင်တန်းဖွင့်လှစ်ရ ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပါတယ်။

ဆက်လက်ပြီး၊ Engineering Training Center ဆရာမ ဒေါ်ယုယုထွန်းက သင်တန်းမှာ သင်ကြားပို့ချမယ့် သင်ခန်းစာ ခေါင်းစဉ်များကို ရှင်းလင်းပြောကြားပါတယ်။ သင်တန်းကို တိုင်း အင်ဂျင်နီယာတစ်ဦး၊ မြို့နယ် အင်ဂျင်နီယာ ၄ ဦးနဲ့ လက်ထောက်နည်းပညာမှူး ၁၅ ဦး စုစုပေါင်း ၂၀ တက်ရောက်ပြီး၊ သင်တန်းမှာ ခေါင်းစဉ် ၇ မျိုးကို ၂ ရက်တာ ပို့ချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank