မိုင်းခတ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲ ၉၂ ခု ပြီးစီး လူထု စစ်ဆေးပွဲများ ပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူ ရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) ကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်မှာ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကျေးရွာများမှာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲ ၉၄ ခုမှာ ၉၂ ခုမှာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်တာ ကြောင့် စီမံကိန်း လုပ်ငန်းစဉ် တစ်ခုဖြစ်တဲ့ လူထုစစ်ဆေးပွဲများ လုပ်ဆောင် နေကြပြီ ဖြစ်ပါတယ်။

ဖာလန်ကော်အုပ်စု၊ ‘လားဟူ"လူမျိူးများ နေထိုင်တဲ့ နမ့်တာပီး (အပေါ်) ကျေးရွာ “ ဘက်စုံသုံး ခန်းမဆာင် တည်ဆောက်​​​ ခြင်းလုပ်ငန်း” လူထုစစ်ဆေးပွဲကို ဩဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ရာ ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်ခြင်း ၊ လုပ်ငန်းစဉ်နဲ့ ရလဒ်အပေါ် ကျေးရွာလူထုရဲ့ စိတ်ကျေနပ်မှုကို သိရှိနိုင်ရန် စာရွက်များဝေ၍ ကောက်ယူခြင်းနည်းလမ်းများနဲ့ လူထုဗဟို​ပြု စီမံကိန်း နည်းပညာအ​ကြံ​ပေးအဖွဲ့မှ ကျား/မရေးရာ တာဝန်ခံ"ဒေါ်ခင်မာ​​ဌေး"၊ ကျေးရွာတာဝန်ခံ 'လူထုစည်းရုံးရေးမှူး 'ဦးအောင်ရဲနိုင်၊ ' ‘ဦးယောရှာဘ’၊ ဒေါ်ထက်သီရိဦး တို့မှ ဦးဆောင်ပြီး၊ COVID-19 လမ်းညွှန်ချက်နဲ့ အညီ ဆောင်ရွက်ခဲ့ကြပါတယ်၊ အဆိုပါ ဘက်စုံသုံး ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းမှာ စီမံကိန်း ထောက်ပံ့ငွေ ၁၃,၈၉၆,၀၀၀ ကျပ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank