မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှုးနှင့်အဖွဲ့ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှုး ဦးမြသိန်းဝင်းက ဇန်နဝါရီလ ၁၆ ရက်နေ့က ရေတွင်းကုန်း ကျေးရွာ၊

ကုန်းတန်းကြီးကျေးရွာ၊ ကညင်မြိုင် ကျေးရွာ၊ နှောင်းပုံ ကျေးရွာ၊ ကချင်နံနွမ်ကျေးရွာ တို့မှာ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)

လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတွေကို ကွင်းဆင်းစစ်ဆေးရာ ပြည်နယ် Infra ဦးဇင်ဖြိုးအောင်၊ မြို့နယ် နည်းပညာ အကြံပေးအဖွဲ့

ခေါင်းဆောင် ဦးမြတ်သူတို့က အတူလိုက်ပါခဲ့ကြပြီး၊ လိုအပ်ချက် အားနည်းချက်များကို အကြံပြု ဆွေးနွေးခဲ့ပါတယ်။ မိုးကောင်းမြို့နယ်မှာ ကျေးရွာပေါင်း ၇၉ ရွာ

ရှိပြီးတော့ ကျေးရွာ ၇၈ ရွာမှ စီမံကိန်း လုပ်ငန်းခွဲ ၁၀၃ ခုကို မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) သို့ လုပ်ငန်းခွဲ ၉၉ ခုကို

အတည်ပြု ခွင့်ပြုထားတဲ့အနက် လုပ်ငန်းခွဲ ၉ ခု စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နန်မန ကျေးရွာမှာ စီမံကိန်းလုပ်ငန်းခွဲများကို TPIC သို့

တင်ပြနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာလျက် ရှိကြောင်းနဲ့ စတုတ္ထနှစ် စက်ဝန်းမှာ ကျေးရွာ အုပ်စု ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၇၉ ရွာ စီမံကိန်း ထောက်ပံ့ရန်ပုံငွေ

ကျပ် ၁၆၂၃ သန်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မြို့နယ် ဦးစီးမှုး ဦးမြသိန်းဝင်းက ပြောပြခဲ့ပါတယ်။

သတင်း - ဧဧလေး

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank