ဆောမြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၃၇ ခု ကျေးရွာပေါင်း ၁၁၃ ရွာတွင် ဆောင်ရွက်ပြီးစီး

NCDDP’s 137 Sub-project Activities in 113 Villages of Saw Completed

Magway, 25 October 2020, SkyNet Media Coverage

မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်း (စတုတ္ထနှစ် စက်ဝန်း) ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ မှ စတင်ပြီး၊ ကျေးရွာပေါင်း ၁၁၃ ရွာမှာ ရှိတဲ့ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၃၇ ခုကို ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။

ထောက်ပံ့ငွေ ကျပ် သန်းပေါင်း ၁၉၃၉ သန်းနဲ့ ကျေးရွာ လူထု ပူးပေါင်း ပါဝင်ငွေ ၂၆၈ သန်းကျော်နဲ့ မီးကြိုးမီးတိုင် အဆင့်မြင်တင်လုပ်ငန်းခွဲပေါင်း ၅၆ ခု၊ ပညာရေး အခြေခံ အဆောက်အဦး အခု ၂၀ ၊ အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းခွဲပေါင်း ၁၁ ခု၊ လမ်းတံတား ပြုပြင် မွမ်းမံခြင်း လုပ်ငန်းခွဲပေါင်း ၃၁ ခုနဲ့ စာကြည့်တိုက် ပြုပြင် မွမ်းမံခြင်း တစ်ခု ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ကျေးရွာ လူထုပေါင်း ၇၃,၄၂၄ ဦး အကျိုးခံစားနေရပါတယ်။

သတင်း - နော်သူလင်း (ဆော)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage