ဆီဆိုင်မြို့နယ် စီမံကိန်း လုပ်ငန်းခွဲများအား ကွင်းဆင်းကြည့်ရှု့

စိုက်ပျိုးေရး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) တွင် စီမံကိန်းလုပ်ငန်းခွဲ များကို မေလ ၂၀ ရက်နေ့က ရှမ်းပြည်နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး (နည်းပညာ) ဦးညွန့်ဝင်း၊ State Infra ဦးဘိုဘိုဟန် နှင့် ဦးအောင်ဇော်မြင့်တို့က ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းခဲ့သည့်ကျေးရွာများမှာ နောင်ကျောကျေးရွာအုပ်စု၊ လင်းလေကျေးရွာ၊ တောင်ရှေ့ကျေးရွာအုပ်စု ဒုံကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဈေးပိုင်းကျေးရွာ၊ ဘန်းယဉ်ကျေးရွာအုပ်စု ခုတ်နမ့်ကျေးရွာ၊ နောင်ဘိုကျေးရွာ နှင့် နောင်မွန်ကျေးရွာ အုပ်စု၊ လီမွန် ကျေးရွာများရှိ ရေအားလျှပ်စစ်မီးလင်းရေးလုပ်ငန်း၊ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း၊ ဘက်စုံသုံးခန်းမ ဆောင်တည်ဆောက်ခြင်းလုပ်ငန်း၊ RC ကွန်ကရစ်လမ်းတံတားတည်ဆောက်ခြင်း လုပ်ငန်း များကို ကွင်းဆင်းကြည့်ရူ့ စစ်ဆေးခဲ့ပါသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကော်မတီဝင်တွေ့ဆုံကာ လမ်းလုပ်ငန်းဆောင်ရွက်နေခြင်းအပေါ် လမ်းပခုံး ရေမြောင်းများကောင်းမွန်စေရေး၊ တံတားလုပ်ငန်းအား သတ်မှတ်ရက်ပြည့်ပြီးမှ ယာဉ်များဖြတ်သန်းခွင့်ပေးရန်၊ လုပ်ငန်းအခက်အခဲများ နည်းပညာလိုအပ်ချက် များရှိပါက အထက်ဌာနသို့ အမြန်ဆုံးတင်ပြရန် နှင့် စီမံကိန်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မှီ အောင်မြင်စွာပြီးစီးနိုင်ရန် အားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank