သံတောင်ကြီး မြို့နယ်၊ ဆူးပုတ်မြောင် ကျေးရွာတွင် Cash for Work စီမံကိန်း ဆောင်ရွက်မှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

သံတောင်ကြီး သြဂုတ် ၁၀

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်း လုပ်ငန်း ဆောင်ရွက်နေသည့် စီပင်ကလေး ကျေးရွာအုပ်စု၊ ဆူးပုတ်မြောင ်ကျေးရွာ လမ်းပြုပြင်ဆောင်ရွက်နေမှုများကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ထိုသို့ ကွင်းဆင်းရာတွင် ဆူးပုတ်မြောင် ကျေးရွာလမ်းအား ပြုပြင် ဆောင်ရွက်ရန် အတွက် ကျေးလက်ဦးစီးဌာနမှ ငွေကျပ်သိန်း (၁၀၀)ပေးအပ် ခဲ့ပြီး ကျေးရွာအတွင်း လမ်းအရှည် (၂၅၀၀) ပေ၊ အကျယ် (၁၄) ပေ ပြုပြင်ဆောင်ရွက်ခြင်း၊ အလျား (၂၅၀၀) ပေ၊ အကျယ် (၁ ပေ ၆) လက်မ၊ အနက် (၂) ပေ ရေနှုတ်မြောင်းများတူးဖော်ခြင်း၊ အလျား (၄၀၀) ပေ၊ အကျယ် (၁၀) ပေ၊ အထူ (၆) လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း များကို ဆောင်ရွက်ခဲ့ပြီး၊ လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

နိုင်ငံတော်မှ ကိုဗစ်-၁၉ရောဂါကြောင့် ကျေးလက် ဒေသနေ မိသားစုများ ဝင်ငွေ နည်းပါးလာခြင်း ကြောင့် မိသားစုများ ဝင်ငွေ ရရှိနိုင်ရန် အတွက် ရည်ရွယ်ပြီး ဆောင်ရွက်သော စီမံကိန်း ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းကြောင့် မိမိတို့ဒေသအတွင်း အခြေခံအဆောက်အဦများ လမ်းတံတား များကို ဒေသခံပြည်သူများ ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ပေးချေသည့် အတွက် ကျေးရွာ နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း များ ရရှိ၍ ဝင်ငွေရရှိစေမည် ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3479