ဓနုဖြူ မြို့နယ်အတွင်းရှိ ကျေးရွာစုစုပေါင်း ၄၅၇ ရွာရှိ သောက်သုံးရေ အရည်အသွေးကို စမ်းသပ် စစ်ဆေး

Water Quality Tested in 457 Villages of Danubyu by DRD and NCDDP’s Technicians

Ayeyarwaddy, 11 October 2020, SkyNet Media Coverage

ဧရာဝတီတိုင်း ဒေသကြိး မအူပင် ခရိုင် ဓနုဖြူ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းများက မြို့နယ်အတွင်း ကျေးရွာ ၄၅၇ ရွာမှာ ကျေးလက်နေ ပြည်သူများ သောက်သုံးလျက် ရှိတဲ့ အများသုံး နေရာများမှ ရေနမူနာများ ရယူကာ ဝမ်းပျက် ဝမ်းလျော ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေး ရေအရည်အသွေး စမ်းသပ် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ဦးစီးဌာနကနေ သိရပါတယ်။

ရေထဲမှာ ပါဝင်တဲ့ လူနဲ့ တိရစ္ဆာန် အညစ်အကြေး ဓါတ်ကြောင့် ဝမ်းပျက် ဝမ်းလျော ဖြစ်စေတတ်တဲ့ အီကို လီ ဗက်တီးရီးယားပိုးများ ပါဝင်မှု ရှိ၊ မရှိကို သိရှိနိုင်ဖို့အတွက် ရေထွက်ပင်ရင်းမှ ရေကို ယူဆောင်ကာ ၂၄ နာရီအတွင်း အီကိုလီ စမ်းသပ်ကိရိယာများဖြင့် စမ်းသပ် စစ်ဆေးပေးလျက် ရှိကြောင်း အောက်တိုဘာလအတွင်း အပြီး စမ်းသပ် စစ်ဆေးမှာ ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်ထံကနေ သိရပါတယ်။

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

#NCDDP, #DRD, #MOALI, #WorldBank