ဖားဆောင်းမြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းရလာဒ်များအား ကွင်းဆင်း စစ်ဆေး

Outputs of Cash for Work Activities in Hpasawng Monitored by Respective Officials

Kayah, 15 November 2020, SkyNet Media Coverage

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ကယားပြည်နယ် ဖားဆောင်းမြို့နယ် အတွင်း မော်ချီး တောင်ပေါ်၊ လိုခါးလို၊ မော်ချီးအောက်၊ ရေပူ၊ ခဲမဖြူ၊ စုစည်း၊ ဖားဆောင်း တောင်ပေါ်၊ နန်းကစ်၊ ပါပု၊ ကျောက်ပဲညို၊ ဝမ်အောင်း ကျေးရွာတို့မှာ ဆောင်ရွက်ခဲ့တဲ့ Cash for Work စီမံကိန်း များအား Estimate ပါ လုပ်ငန်းများအတိုင်း ဆောင်ရွက်ထားရှိမှု ရှိမရှိနဲ့ သတ်မှတ် စံချိန် စံညွှန်း ကိုက်ညီမှု ရှိမရှိ တို့ကို မြို့နယ် စာရင်းစစ် အဖွဲ့မှ နိုဝင်ဘာလ ဒုတိယ အပတ်က မြေပြင် အခြေအနေကို ကွင်းဆင်း စစ်ဆေးခဲ့ကြပါတယ်။

၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဖားဆောင်းမြို့နယ် အတွင်း Cash for Work စီမံကိန်းကို ကျေးရွာ ၁၁ ရွာမှာ ကျေးရွာများအလိုက် လိုအပ်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကျေးရွာ တစ်ရွာလျှင် ခွင့်ပြုငွေကျပ် သိန်း ၁၀၀ နဲ့ လုပ်အားခ ၆၀ ရာခိုင်နှုန်း၊ ပစ္စည်းဖိုး ၄၀ ရာခိုင်နှုန်း အချိုးအရ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

 

သတင်း - ချစ်ဦးကိုကို (နွားထိုးကြီး)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Medai Coverage