ရှမ်းရွာသစ်မြို့တွင် Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

Cash for Work Activities in Shan Ywathit Completed 100 Percent

Kayin, 25 September 2020, Myanmar Digital News

ရှမ်းရွာသစ် ၂၅ စက်တင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် မြို့အတွင်းရှိ ကျေးရွာ (၅)ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းသည် ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျေးလက်နေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရွေးချယ်ကာ ချက်ခြင်းလုပ်အားပေးချေစနစ်ဖြင့် မဲကတောခီးကျေးရွာ၊ ကွီးလော်ဖလိုးကျေးရွာ၊ ထီးကနဲကျေးရွာ၊ ခလော့ဒေးကျေးရွာနှင့် ကွီးလေးကျေးရွာတို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀)စီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း(၁)ခု၊ လမ်းဘေးဝဲယာရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း (၄)ခု၊ ကျောက်ရောမြေသားလမ်း ခင်းခြင်းလုပ်ငန်း (၁)ခု၊ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း(၁)ခုနှင့် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်း (၁)ခု တို့အား ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Myanmar Digital News

http://www.mdn.gov.mm/index.php/my/rmraascmiuttng-cash-work-ciimnkinlupngnmaa-raanunpnnycheaangrkpiicii

https://www.moi.gov.mm/iprd/news/12830