ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့်အဖွဲ့ မန္တလေးတိုင်း အတွင်း စီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်း ဒေသကြီး မြင်းခြံ မြို့နယ် ရွာသာ ကျေးရွာမှာ VRFP စီမံကိန်း ကျေးရွာ လူထုနဲ့ တွေ့ဆုံခြင်း၊ နွားထိုးကြီး မြို့နယ် ကဒေါင်း ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ရေထုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နဲ့ မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးသန့်နဲ့ ခရိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ရှိသူတွေဟာ ကျေးရွာ ကော်မတီဝင်တွေနဲ့ အတူ ဇူလိုင်လ ၂၆ ရက်နေ့ နေ့လည် ၃ နာရီမှာ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ကွင်းဆင်း စစ်ဆေးရာမှာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့ VRFP စီမံကိန်းအတွက် လုပ်ကွက်ငယ် တောင်သူတွေကို ဦးစားပေး ဆောင်ရွက်ဖို့ ချေးငွေ လျှေက်လွှာတွေကို ၇ ရက်တိတိ ကြေညာထားဖို့ ကန့်ကွက်မယ့်သူ ရှိရင် ရုံးကို သတင်းပို့ဖို့နဲ့ CFW စီမံကိန်း ကော်မတီဝင်တွေ အနေနဲ့ မိမိတို့ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် မိမိတို့ ကိုယ်တိုင် တန်ဖိုးထား ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ရေထုတ်မြောင်း တူးဖော် ရာမှာ တူးဖော်ပြီး မြေသားတွေကို စနစ် တစ်ကျ ထားရှိဖို့နဲ့ စာရင်းစစ် စစ်ဆေးနိုင်ဖို့ ဆောင်ရွက်သွားဖို့ လမ်းညွှန်မှာကြား ခဲ့ပါတယ်။

သတင်း - ချစ်ဦးကိုကို (နွားထိုးကြီး)

#CERP, #CFW, #DRD, #MOALI

Credit – SkyNet Media Coverage