လောင်းလုံးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

Rural Development Activities under Covid-19 Economic Relief Plan in Launglon Completed 100 Percent

Tanintharyi, 30 September 2020, Ministry of Information

လောင်းလုံး စက်တင်ဘာ ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ကာလ စီးပွားရေး ကုစားမှုအစီအစဉ် CERP အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း VRFP တို့အား လောင်းလုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် အတွင်း ရှိကျေးရွာပေါင်း (၁၁)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများကို မကျွန်းမော်ကျေးရွာ၊ ကြက်လွှတ်ကျေးရွာ၊ ပြင်ကြီးကျေးရွာ နှင့်ဆင်ကူးကျေးရွာ တို့မှကျေးလက်နေလုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ်ရောင်းချ နေသူများအား သွင်းအားစု နှင့် အရင်း အနှီး များရ ရှိစေရန် အတွက် ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း (၉၀၀)အား အတိုးနှုန်း(၅)ပြားဖြင့် ထုတ်ချေး ပေးခဲ့ ကြောင်း၊ Cash For Work စီမံကိန်းလုပ်ငန်းများကို စမ်းလှမ်း၊ကဒက်ထိန်၊အင်ဝနီ၊သကျက်တော၊ လယ်လှ၊ ကျေးခုတ်ပြင်၊ ထိန်လယ်၊ စခန်းကြီး၊ တောရှည်၊ ပင်လယ်စခန်း၊ ပြင်ကြီးကျေးရွာများ တို့၌ လုပ်ငန်းခွဲ ၁၆ ခုအား ကျေးရွာတစ်ရွာလျှင် Cash for Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး သွားပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ Cash For Work စီမံကိန်း ကျေးရွာ ၁၁ ရွာ မှ အိမ်ထောင်စုပေါင်း (၂၅၇၇) စု ကျေးရွာမတည် စီမံကိန်း ကျေးရွာ(၄)ရွာမှ အိမ်ထောင်စုပေါင်း (၂၁၆)စုတို့အား Covid-19 ကာလ အတွင်း စီးပွားရေး ထိခိုက်မှုများကို လျော့ချပေးနိုင်ခဲ့ကြောင်းသိရသည်။

သိန်း သိန်း (ပြန်/ဆက်)

တနင်္သာရီတိုင်းဒေသကြီး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13579