တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် COVID-19 ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်

Cash for Work Project Activities in Various Regions Accomplished, as Part of Covid-19 Economic Relief Plan

Friday, September 25, 2020, MRTV Media Coverage

ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ ဆောင်ရွက်တဲ့ Cash for Work စီမံကိန်း လုပ်ငန်းများ လုပ်ဆောင်လာတာ ကယားပြည်နယ် လွိုင်ကော် မြို့နယ်မှာ ကျေးရွာပေါင်း ၂၅ ရွာ၊ ချင်းပြည်အတွင်း ကျေးရွာပေါင်း ၁၁၁ ရွာ၊ ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီ မြို့နယ်ရှိ ကျေးရွာ ၁၆ ရွာ၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် မြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာ ၊ ကရင် ပြည်နယ် ကော့ကရိတ် ခရိုင် ကြာအင်း ဆိပ်ကြီး မြို့နယ်ရှိ ကျေးရွာ ၁၅ ရွာ၊ ကရင် ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်ရှိ ကျေးရွာ ၂၅ ရွာတို့ အတွက် ကျေးရွာ တစ်ရွာကို ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် သုံးစွဲ အကောင် အထည်ဖော် ဆောင်ရွက်တဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးအောင်မြင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

အခုလို ကိုဗစ်-၁၉ ဖြစ်ပွားနေမှု အခြေအနေအရ နိုင်ငံတော် အစိုးရမှ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိတဲ့ စီးပွားရေး ကုစားမှု CERP အစီအစဉ် အရ ကျေးလက်ဒေသနေ တိုင်းရင်းသား ပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ မိမိတို့ ကျေးရွာအတွင်း လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာစေဖို့ အတွက် မိမိတို့ ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင် ဆောင်ရွက်ပြီး၊ လုပ်အားခ ရရှိစေဖို့အတွက် Cash for Work စီမံကိန်း လုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်စေဖို့ အတွက် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း ချေးငွေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

သတင်း - NRC Bureau၊ ပြန်/ဆက်

#CFW, #CERP, #DRD, #MOALI

Credit – MRTV Media Coverage

https://www.mrtv.gov.mm/mm/news-89599