ရွှေကူ မြို့နယ်ရှိ Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်း စစ်ဆေး

ကချင်ပြည်နယ် ဗန်းမော် ခရိုင် ရွှေကူ မြို့နယ်မှာ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုကို စက်တင်ဘာလ ၉ ရက်နေ့က ကွင်းဆင်း ကြည့်ရှု့ စစ်ဆေး ခဲ့ကြောင်း သိရပါတယ်။

ထိုကဲ့သို့ စစ်ဆေးရာမှာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရင်ခိုင်နဲ့ စီမံကိန်း တာဝန်ခံ ဦးကျော်ညီညီတို့က တာလီ ကျေးရွာနဲ့ ပန်းတင် ကျေးရွာတို့မှာ သဲကျောက်လမ်းခင်းခြင်း၊ လမ်းကူး ကျေးရွာနဲ့ မြိုင်သာ ကျေးရွာတို့မှာ စာသင်ကျောင်း ကာရန်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှု့ စစ်ဆေးခဲ့ရာ အဆိုပါ Cash for Work စီမံကိန်း ဆောင်ရွက်ရတဲ့ ကျေးရွာများရှိ ကျေးလက်နေ ပြည်သူများက ကိုဗစ်ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း ရရှိခြင်း၊ မိသားစု စားဝတ်နေရေး အဆင်ပြေခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိပြီး ကျေးရွာများရဲ့ လိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရတဲ့ အတွက်ကြောင့် ကျေးရွာများ ပိုမို ဖွံ့ဖြိုးတိုးတက်လာကြောင်း ပန်းတင် ကျေးရွာနေ ပြည်သူ တစ်ဦးထံကနေ သိရှိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage