ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း၊ Cash for Work စီမံကိန်း၊ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းတွေ ညှိနှိုင်းဆွေးနွေး

Coordination Meeting Organized for Village Revolving Fund, Cash for Work and Village Development Project Activities in Northern Shan State

Shan, 15 November 2020, SkyNet Media Coverage

ရှမ်းပြည်နယ် မြောက်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွပ်ကဲမှု အောက်မှာ ရှိတဲ့ ခရိုင် မြို့နယ် တွေမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) နဲ့ Cash for Work စီမံကိန်း လုပ်ငန်းတွေ၊ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP) လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀ နာရီ အချိန်က Video Conferencing စနစ်နဲ့ ကျင်းပ ပြုလုပ်တယ်လို့ သိရပါတယ်။

ရှေးဦးစွာ ရှမ်းပြည်နယ် မြောက်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးသန်းလင်းထွန်းက အဖွင့်အမှာ စကား ပြောကြားပါတယ်။

ဆက်လက်ပြီးတော့ ရှမ်းပြည်နယ် မြောက်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ) ဦးဝင်းမင်းလတ်က စီမံကိန်း လုပ်ငန်းတွေ ရွေးချယ်ရာမှာ သတ်မှတ်ထားရှိတဲ့ လမ်းညွှန်ချက်တွေ မူဝါဒတွေ နဲ့အညီ ရွေးချယ် ဆောင်ရွက်သွားဖို့ ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာတဲ့ ခရိုင် မြို့နယ်တွေက တာဝန်ရှိသူတွေက ဆောင်ရွက်မယ့် အစီအမံတွေ ဆောင်ရွက်ထားရှိမယ့် အခြေအနေတွေ နဲ့ ပတ်သတ်ပြီးတော့ ဆွေးနွေး တင်ပြ ကြပါတယ်။

ရှမ်းပြည်နယ်‌ မြောက်ပိုင်းအတွင်း ၂၀၂၀- ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ပထမ ဦးစားပေး အနေနဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းကို ကျေးရွာပေါင်း ၃၀၊ Cash for Work စီမံကိန်းကို ကျေးရွာ ၃၅၂ ရွာ ၊ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP) ကို ကျေးရွာပေါင်း ၂၃၀ မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သတင်း - စိုးမိုးကျော်

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage