မိုင်းယောင်းမြို့နယ်၌ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သော ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း ပြီးစီးမှုကို တာဝန်ရှိသူများ စစ်ဆေး

မိုင်းယောင်း စက်တင်ဘာ ၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း ကျေးလက်နေ ပြည်သူများ ဝင်ငွေလျော့နည်း လာမှုနှင့် စီးပွားရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For Work (CFW) စီမံကိန်းဖြင့် ဆောင်ရွက်သော ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဒွန်းကျိုင်းကျေးရွာ ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းကြည့်ရှုသည်။

မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် Cash For Work စီမံကိန်း ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း ရှစ်ခုအနက် ဒွန်းကျိုင်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို မြို့နယ်ဦးစီးမှူး ဦး‌စိုင်းလောင်မှိုင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီး စီမံကိန်း လုပ်ငန်းများ ရေရှည ်ကောင်းမွန်စေရေး၊ စနစ်တကျ ထိန်းသိမ်း အသုံးပြုကြရန်နှင့် စာရင်းဇယားများ စနစ်တကျ ထိန်းသိမ်းထားရှိရန်များကို ဆွေးနွေးခဲ့သည်။

ထု ၆ လက်မ၊ အရှည် ၁၃၀၀ နှင့် အကျယ် ၁၂ ပေရှိသော အဆိုပါ ရွာတွင်း ကွန်ကရစ်လမ်း ပြီးစီးပြီဖြစ်သဖြင့် ကျေးလက်နေ ပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေလာတော့မည်ဖြစ်ကာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှု အဆင့်အတန်းလည်း မြင့်မား တိုးတက်လာတော့မည် ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း

https://www.moi.gov.mm/iprd/news/9056