ကျောက်ကြီးမြို့နယ် စီမံကိန်း လုပ်ငန်းခွဲများအား ကြည့်ရှု့စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကို ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအောင်ကိုကို၊ လူထုဗဟိုပြု စီမံကိန်းတာဝန်ခံ ဒေါ်တင်နီလာဝင်း၊ သတင်း ပြန်ကြား ဆက်သွယ်ရေး ဝေဖန် အကြံပြုချက် တိုင်ကြားချက် ဖြေရှင်းရေး တာဝန်ခံ ဦးဝင်း ညီညီလတ်နှင့် စောင့်ကြပ် ကြီးကြပ်ရေး တာဝန်ခံ ဦးရဲသီဟတို့ဟာ တပ်ကုန်းကျေးရွာ အုပ်စု ရွာဟောင်း ကျေးရွာမှာ ရွာတွင်းလမ်း ဂဝန် ခင်းခြင်း လုပ်ငန်းနဲ့ တောပု ကျေးရွာ အုပ်စု၊ ညောင်ပင်သာ ကျေးရွာ အုပ်စု၊ တောင်လယ် ကျေးရွာ အုပ်စုနဲ့ မုန်းကျေးရွာ အုပ်စု တွေမှာ ရှိတဲ့ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း၊ ခန်းမဆောင် ခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်း၊ ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်း၊ ရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း လုပ်ငန်း၊ စာသင်ကျောင်း ရေစင် တည်ဆောက်ခြင်း လုပ်ငန်း၊ ကျောက်ရော မြေသားလမ်း ခင်းခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု့ စစ်ဆေးပြီး၊ ကော်မတီ ဝင်တွေနဲ့ တွေ့ဆုံပြီး၊ လိုအပ်တာတွေကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank