တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

19 August 2020, MRTV Media Coverage

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြောင့် လူမှု့ စီးပွားဘဝ ထိခိုက်မှုတွေကို တုန့်ပြန် ဆောင်ရွက်တဲ့ အနေနဲ့ ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိစေဖို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ Cash for Work စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါတယ်။

ကယားပြည်နယ် ဘော်လခဲ ခရိုင် မယ်စဲ့ မြို့နယ်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက် ရှိတဲ့ အထက ဟိုစဲ့ ရေရရှိရေး လုပ်ငန်း၊ ဟိုစဲ့ ကျေးရွာ မူကြိုကျောင်း တိုးချဲ့ ပြုပြင်ခြင်း၊ အထက ဟိုစဲ့ စာသင်ကျောင်း ဂါလံ ၂၃, ၅၀၀ ဆံ့ Ferrocement Tank တည်ဆောက်ခြင်း၊ ၁ ဒဿမ ၅ လက်မ PVC ရေပိုက်သွယ်တန်းခြင်း၊ ရေမြှပ် မော်တာ တပ်ဆင်ခြင်း၊ နမ့်မူးကျေးရွာ ခန်းမဆောင် ခြံစည်းရိုး ကာရန်ခြင်း၊ ကျေးရွာ ဆေးပေးခန်းအဝင် ကျောက်ချောလမ်းခင်းခြင်း၊ Pipe Culvert တံတား တစ်စင်း တည်ဆောက်ခြင်း၊ ဟိုကျစ်ကျေးရွာ ဂါလံ ၃၀၀၀ ဆံ့ အုတ်ရေကန် ပြုပြင်ခြင်း၊ ကျေးရွာတွင်း ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ရွာတွင်းလမ်း ပြုပြင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွင်းမြို့နယ် သမိုင်းချောင်းဆုံ ကျေးရွာမှာ Cash for Work စီမံကိန်းနဲ့ ထောက်ပံ့ရန်ပုံငွေ ကျပ် သိန်း ၁၀၀ ဖြင့် ပိုက်လိုင်း သွယ်တန်းခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများ သတ်မှတ်ကာလ အတွင်း အချိန်မီ ပြီးစီး‌ရေး ဆောင်ရွက်လျက် ရှိပါတယ်။

ဒါ့အပြင် မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာ မြို့နယ်မှာလည်း Cash for Work စီမံကိန်း ဖြင့် ကျေးရွာ ၈ ရွာမှာ ကျေးရွာတွင်းလမ်း ပြုပြင်ခြင်း လုပ်ငန်း ၅ ခု၊ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း ၆ ခု၊ မြေသားရေကန် ပြုပြင်ခြင်း လုပ်ငန်း ၂ ခုနဲ့ ရေကာတန်း ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်း တစ်ခု၊ စုစုပေါင်း စီမံကိန်း ၁၄ ခုတို့ကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။

ထို့အတူ ရှမ်း ပြည်နယ် တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာ အုပ်စု ဝါးခရာကျေးရွာမှာလည်း အိမ်ခြေ ၁၆၈ အိမ်၊ လူဦးရေ ၈၄၃ ဦးကို အကျိုးပြုပေးမယ့် ရွာတွင်း သဲဗြုန်းလမ်း ခင်းခြင်းလုပ်ငန်းကို ကျေးရွာ လူထု ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။

အခုလို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်ပေးရာမှာ ကျေးရွာ တစ်ရွာကို ရန်ပုံငွေကျပ် သိန်း ၁၀၀ စီ ထောက်ပံ့ကာ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

သတင်း - တိုင်းဒေသကြီးနှင့် ပြည်နယ် (ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- MRTV Media Coverage

https://youtu.be/v0PRKj9pSaM

https://www.mrtv.gov.mm/mm/news-85312