လှိုင်းဘွဲမြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းတွေကို ကွင်းဆင်းကြည့်ရှု

Outputs of Cash for Work Activities in Hlaingbwe Monitored by Respective Officials

Kayin, 7 November 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြားရေးမှူး ဦးစတင်ဝေနဲ့ တာဝန်ရှိသူ‌တွေက

Cash for Work စီမံကိန်း ရန်ပုံငွေ ၁၀၀ သိန်းစီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လှိုင်းဘွဲမြို့နယ် ပတ်ကျော ကျေးရွာအုပ်စု မဲလောင်းကြီးကျေးရွာမှာ ရေမြောင်းတူးဖော်ခြင်းနဲ့ ကျောက်ရောမြေသားလမ်းခင်းခြင်း ၊ ဆင်သေကုန်းကျေးရွာမှာ ရေမြောင်းတူးဖော်ခြင်းနဲ့ ကျောက်ရောမြေသားလမ်းခင်းခြင်း၊ ကုန်းကလေး ကျေးရွာမှာ ရေမြောင်းတူးဖော်ခြင်းနဲ့ ကျောက်ရောမြေသားခင်းခြင်း လုပ်ငန်းတွေကို နိုဝင်ဘာလ ၄ ရက်နေ့က ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပြီး တာတွေကို ပေါင်းစပ်ညှိနှိုင်းပေခဲ့တယ်လို့ သိရပါတယ်။

 

ဆက်လက်ပြီး လူထုဗဟိုပြု စီမံကိန်း မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တွေနဲ့ တွေ့ဆုံပြီး၊ ကိုဗစ်-၁၉ ရောဂါကာလမှာ လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ လိုအပ်ချက်တွေကို လုပ်ငန်းကြီးကြပ်ရေး တာဝန်ခံတွေက ပြန်လည် ဆွေးနွေးတင်ပြရာ လိုအပ်တဲ့ အကြံဉာဏ်တွေကို တာဝန်ရှိသူတွေက ပေါင်းစပ်ညှိနှိုင်းပေးခဲ့တယ်လို့ သိရပါတယ်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage