စဉ့်ကိုင်မြို့နယ် Cash for Work နဲ့ VRFP စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စာရင်းဇယားများကို ကြည့်ရှု့ စစ်ဆေး

Outputs and Documentation of Cash for Work and Village Revolving Fund Projects in Saintgaing Monitored by Respective Officials

Mandalay, 12 November 2020, SkyNet Media Coverage

 

မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ ကျောက်ဆည် ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးမျိုးမင်းသန်းနဲ့ အဖွဲ့ဝင်များက စဉ့်ကိုင်မြို့နယ် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းနဲ့ VRFP စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနဲ့ စာရင်းဇယား ဖြည့်သွင်းထားရှိမှု များကို နိုဝင်ဘာလ ပထမပတ်က ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် Cash for Work စီမံကိန်းနဲ့ ဇီးတော ကျေးရွာနဲ့ ကင်းလတ် ကျေးရွာတို့မှာ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေးပြီးတော့ လုပ်ငန်းများ ရေရှည်တည်တံ့ ကောင်းမွန်စေရေးနဲ့ လည်ပတ်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို စနစ် တစ်ကျ အစီအစဉ် ရေးဆွဲ ဆောင်ရွက် ထားကြဖို့ လမ်းညွှန်မှာကြား ခဲ့ပါတယ်။

သတင်း - ရဲအောင် (ကျေးလက်)၊ ဖြိုးထက်အောင်

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage