တီးတိန်မြို့နယ်တွင် Cash for Work စီမံကိန်း လုပ်ငန်းဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

တီးတိန် သြဂုတ် ၁၁

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လတ်တလောဖြစ်ပေါ်နေသည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများ ကုစားနိုင်ရန်အတွက် နိုင်ငံတော်၏ (CERP) အစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများကို ကျေးလက်ဒေသ.ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူး ဦးဝင်းနွယ်နှင့် တာဝန်ရှိသူတို့က ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် တွီးလန့်ကျေးရွာ၌ ဆောင်ရွက်သည့် လမ်းပြုပြင်ခြင်း (၅၂၀၀)ပေနှင့် ရေပိုက်လိုင်းတူးဖော်ခြင်း (၂/ဝ)မိုင်ကို လည်းကောင်း၊ လိုင်လိုးကျေးရွာ၌ ဆောင်ရွက်သည့် ရွာတွင်းလမ်း ပြုပြင်ခြင်း၊ ရေမြောင်းတူးဖော်ခြင်း (၅)မိုင်နှင့် ရေပိုက်လိုင်းတူးဖော်ခြင်း (၂/၀)မိုင်ကို လည်းကောင်း ကွင်းဆင်းစစ် ဆေးသည်။

 

အဆိုပါလုပ်ငန်းများသည် ယခုအချိန်တွင် ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းအား ရေရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆောင်ရွက်သွားကြရန် ခရိုင်ဦးစီးမှူးမှ လမ်းညွှန်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3713