လူထု ဗဟိုပြု စီမံကိန်းမှ ပုဏ္ဏားကျွန်းမြို့နယ် စေတီရင်း ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်း

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စေတီရင်း ကျေးရွာတွင် လူထု ဗဟိုပြု စီမံကိန်းမှ စီမံကိန်း ထောက်ပံ့ငွေ ၅၈ သိန်းဖြင့် ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိရာ ပြီးစီးပါက ကျေးရွာတွင်း နေထိုင်သော လူဦးရေ ၃၀၀ ကျော်အတွက် ရာသီမရွေး သွားလာရေးအတွက် အဆင်ပြေ ချောမွေ့ စေမည် ဖြစ်သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) ဖြင့် ပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိပ်အုပ်စု စေတီရင်း ကျေးရွာတွင် အရှည် ၃၀၀ ပေ ၊ အကျယ် ၈ ပေ ထု ၆ လက္မ ရှိ ရွာတွင်းကွန်ကရစ်လမ်းခင်ခြင်း လုပ်ငန်း လုပ်ငန်း လုပ်ဆောင်နေမှုအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးကျော်သန့်ဇင် ၊ မြို့နယ် စီမံကိန်း တာဝန်ခံ ဦးအောင်ကျော်ငြိမ်း (အင်/ယာ-၂) နှင့် မြို့နယ် နည်းပညာအကြံပေး အဖွဲ့ ခေါင်းဆောင် ဦးကျော်သန်း နှင့် သက်ဆိုင်ရာ ကျေးရွာ တာဝန်ကျ ဝန်ထမ်းများက စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်နေမှုများအား ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးပြီး၊ လုပ်ငန်းအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် လမ်းညွှန်မှုများ ပြုလုပ်ခဲ့ပါသည်။

သတင်း - ပုဏ္ဏားကျွန်း (CDD)

#NCDDP, #DRD, #MOALI, #WorldBank