တံတားဦး မြို့နယ် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းနှင့် Cash for Work စီမံကိန်း လုပ်ငန်းခွင်တွေကို ကြည့်ရှု အားပေး

နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နေပြည်တော် ရုံးချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်ဟာ ဇွန်လှိုင်လ ၄ ရက်နေ့ မနက်ပိုင်းက တံတားဦး မြို့နယ် ပန်းယျ (တောင်) ကျေးရွာကို ရောက်ရှိပြီးတော့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) အကြောင်းကို ရှင်းလင်း ပြောကြားပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိခိုက်မှုတွေကို ပြန်လည်ကုစားပေးနိုင်ဖို့နဲ့ ကျေးရွာ မတည်စီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားပြီး၊ ကျေးရွာသူ ကျေးရွာသားတွေရဲ့ တင်ပြချက်တွေကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

ဆက်လက်ပြီး စဉ်ကိုင် မြို့နယ် ထန်းသုံးပင် ကျေးရွာကို သွားရောက်ပြီး၊ Cash for Work Pilot ဖြစ်တဲ့ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွင်ကို ကြည့်ရှု့အားပေးခဲ့ပြီး၊ မန္တလေးတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးသန်းနဲ့ တာဝန်ရှိသူတွေ လိုက်ပါ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

Credit- SkyNet Media Coverage

#CERP, #CFW, #DRD, #MOALI