အိမ်မဲမြို့နယ် Cash for Work စီမံကိန်းနဲ့ VRFP စီမံကိန်း လုပ်ငန်းများကို တိုင်းဒေသကြီး တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ဧရာ၀တီတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါ ဦးဆောင်တဲ့ အဖွဲ့က ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းနဲ့ VRFP စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိတဲ့ ကျေးရွာများကို ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။

လှော်ကုန်းကျေးရွာ၊ သန်းလေးပင်ကျေးရွာ၊ အရိုးတောင်ကျေးရွာနဲ့ ရေသိုးဆိတ်‌ဈေးကုန်း ကျေးရွာတို့မှာ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိတဲ့ Cash For Work စီမံကိန်း လုပ်ငန်းခွဲများအားလည်းကောင်း၊ သပြေလှ ကျေးရွာ VRFP စီမံကိန်း ဆောင်ရွက်မှုများအားလည်းကောင်း၊ မဲဇလီစာဖြူစုကျေးရွာ မြစိမ်းရောင် စီမံကိန်း ဆောင်ရွက်နေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာအသီးသီးမှ စီမံကိန်း ကော်မတီ အသီးသီးနဲ့ တွေ့ဆုံခဲ့ကာ Covid ရောဂါကာလ စီမံကိန်းများ လုပ်ဆောင်နေစဉ် အတွင်း ညွှန်ကြားချက်များနဲ့ အညီ လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးတို့ကို ပေါင်းစပ်ညှိုနှိုင်းခဲ့ပါတယ်။

သတင်း - တင်အောင်မိုးမြင့်

#CFW, #CERP, #DRD, #MOALI

Credit- SkyNet Media Coverage