လူထု ဗဟိုပြု စီမံကိန်းမှ ကော့ကရိတ်မြို့နယ် ကော့ဒေချိန် ကျေးရွာ စာသင် ကျောင်းဆောင်သစ် ဆောက်လုပ်

NCDDP’s School Building Construction in Kawt Day Chein Village of Kawkareik Completed

Kayin, 21 December 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ ကျုံဘိုင်း ကျေးရွာ အုပ်စု ကော့ဒေချိန် ကျေးရွာ အခြေခံ ပညာ အထက်တန်း ကျောင်းခွဲ စာသင် ကျောင်းဆောင်သစ်ကို စီမံကိန်း ထောက်ပံ့ငွေကျပ် ၃၂၄ သိန်းနဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က စတင် အကောင် အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကျောင်းဆောင်သစ် တည်ဆောက်ရာမှာ လူထု ဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး ဦးရဲနိုင်ထွန်းနဲ့ လူထု စည်းရုံးရေးမှူး မန်းမျိုးမင်းသန်းတို့က အနီးကပ် ကြီးကြပ်မှု ပေးကာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ် တစ်ကျ လမ်းညွှန်ပေးမှု၊ ကျေးရွာ ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်မှုတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး၊ ၁၀၀ ရာခိုင်နှုန်း ပြီးစီးရင်တော့ ကျုံပိုင် ကျေးရွာ အုပ်စုမှာ ရှိတဲ့ ကော့ဒေချိန်၊ ကြာအင်းစု၊ ကော့ဝါးဘို၊ နောင်လီ၊ နိုင်ခေလောင်၊ ညောင်ကုန်း၊ သုံးအိမ်စု၊ ကော့သာဆူးနဲ့ ကော့ဒိုင် ကျေးရွာတွေမှာ ရှိတဲ့ ကျောင်းသား ကျောင်းသူတွေ ပညာလာရောက် သင်ကြားရာမှာ စာသင်ကျောင်းတွေ လုံလောက်မှု ရှိလာမှာ ဖြစ်ပြီး၊ များစွာ အဆင်ပြေ လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - စောဌေးရီ (ကျေးလက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage