ငပုတောမြို့နယ် ကမ်းနီ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ပြီးစီး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်းမှ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကမ်းနီအုပ်စု၊ ကမ်းနီကျေးရွာတွင် ကျေးရွာချင်း ဆက် ကွန်ကရစ်လမ်း အရှည်၁၆၁၇’ ပေ ၊ အကျယ်၁၂’ ပေ၊ ထု ၆” လက်မ အား စီမံကိန်း ပံ့ပိုးငွေ ၁၆, ၉၁၅,၇၂၈ ကျပ်၊ ကျေးရွာလူထုထည့်ဝင်ငွေ ၇,၀၈၇,၅၀၀ ကျပ်တို့ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ရာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြီးစီးခဲ့ပါရာ လူထုစစ်ဆေးပွဲကို ၂၀၂၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ပြီးစီးသည့်အတွက် ကမ်းနီကျေးရွာနှင့်အနီး ကျေးရွာများမှ ကျောင်းသူ/ သားများ ကမ်းနီ အ.ထ.က ကျောင်းသို့ စက်ဘီး၊ ခြေလျှင်တို့ဖြင့် အဆင်ပြေ ပြေသွားလာနိုင်မည်ဖြစ်ပါသည်။ ကျေးရွာအချင်းချင်းသွားလာရေး၊ ရောင်းဝယ်ဖောက်ကားရေး၊ သာရေး၊ နာရေး၊ လူမှုရေး လုပ်ငန်းများ ယခင်ထက်ပိုမို အဆင်ပြေချောမွေ့စွာ တိုးတက် ဆောင်ရွက်လာနိုင်မည် ဖြစ်ပါသည်။