ဘောလုံးကွင်းဖွင့်ပွဲအခမ်းအနားနှင့် Information Campaign ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာအုပ်စု၊ ခွေဗွမ်း(က)ကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်စက်၀န်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်သော ဘောလုံးကွင်းဖွင့်ပွဲအခမ်းအနားကို (၂၃.၁၁.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဘောလုံးကွင်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် (၉.၇.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းစတင် ဆောင်ရွက်ရာ (၁၅.၁၁.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ပါသည်။

ဘောလုံးဖွင့်ပွဲအခမ်းအနားတွင် လူထုဗဟိုပြုစီမံကိန်းအကြောင်း မြို့နယ်ရှိကျေးရွာလူထုများအနေဖြင့် ထဲထဲဝင်ဝင်ပိုမိုသိရှိလာနိုင်စေရန်၊ စီမံကိန်းဝန်ထမ်းများအားလုံးမှ စည်းစည်း လုံးလုံးဖြင့်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကြောင့် ချစ်ခင်ရင်းနှီးမှု ပိုမိုအားကောင်းလာစေရန်၊ စီမံကိန်းဝန်ထမ်းများနှင့် ကျေးရွာလူထုတို့ ထိတွေ့ဆက်ဆံမှု အားကောင်းလာကာအပြန်အလှန် နားလည်မှုများကို တိုးတက်ဖြစ်ထွန်းလာပြီး စီမံကိန်းတွင် ပူးပေါင်းပါဝင်မှုပိုမို အားကောင်းလာစေရန်နှင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် သတင်းပြန်ကြားဆက်သွယ်ရေး၏အခန်းကဏ္ဍတစ်ခုအနေဖြင့် ပြုလုပ်ကျင်းပပြီး လူထုအား စီမံကိန်းအကြောင်းထိထိရောက်ရောက်အသိပညာ ဖြန့်ဝေနိုင်စေရန် ရည်ရွယ်လျက် လူထုဗဟိုပြုစီမံကိန်းသတင်းနှင့်ဆက်သွယ်ပြန်ကြားရေးပြခန်း(Information Campaign)ကို ကျင်းပပြုလုပ်ခဲ့ပါသည်။