ဆောမြို့နယ် အင်းဘူးကျေးရွာ KG ကျောင်းဆောင်နှင့် ရေပေးဝေရေးလုပ်ငန်း ကြည့်ရှု့စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကျေးရွာ ဖြစ်တဲ့ အင်းဘူးကျေးရွာ စီမံကိန်းလုပ်ငန်းခွဲတွေ ဆောင်ရွက်နေမှုကို ကွင်းဆင်း စစ်ဆေးခြင်းကို ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြဆန်းလင်း၊ မကွေးတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Regional Infrastructure and Safeguards Assistant ဒေါ်မြင့်မြင့်ဟန်နဲ့ နယ်မြေ အဖွဲ့ခေါင်းဆောင် ဦးရှု့မောင်တို့က ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

KG ကျောင်းဆောင် ဆောက်လုပ်ခြင်းနဲ့ အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းကို ကြည့်ရှု့ စစ်ဆေးခဲ့တာပါ။

ကျေးရွာတွင်းမှာ အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းတွေ အိမ်ထောင်စုပေါင်း ၁၀၅ စု အကျိုးခံစားရမှာ ဖြစ်ပြီးတော့ ဇွန်လ ၂၀ ရက်နေ့မှာ အပြီးသတ်ဆောင်ရွက်နိုင်ဖို့ စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။

အဲဒီ လုပ်ငန်းခွဲတွေကို အချိန်မှီ ပြီးစီးနိုင်ဖို့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး၊ အခက်အခဲတွေ ညှိနှိုင်း ဖြေရှင်းပေးတာနဲ့ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေကို ပေးခဲ့ပါတယ်။

သတင်း - ရှု့မောင်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank