တွန်းဇံ မြို့နယ် ဖိုင်ဆတ်ကျေးရွာ ကျေးရွာချင်းဆက် မြေသားလမ်းအား ကွင်းဆင်းကြည့်ရှု့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ချင်းပြည်နယ် ဖလမ်း ခရိုင် တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့တဲ့ ဟိုင်ပီး ကျေးရွာအုပ်စု၊ ဖိုင်ဆတ်ကျေးရွာ ကျေးရွာချင်းဆက် မြေသားလမ်း ပြီးစီးဆောင်ရွက်မှုကို မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင်နဲ့ တာဝန်ရှိသူများ ပါဝင်တဲ့ အဖွဲ့များမှ ကွင်းဆင်း စစ်ဆေး ဆွေးနွေး ဆောင်ရွက်မှုများကို မေလ ၁၅ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ စီမံကိန်း တာဝန်ရှိသူများ အဖွဲ့က လူထုဗဟိုပြု စီမံကိန်း ပံ့ပိုးငွေ ၂,၂၈၂၀,၀၀၀ ကျပ်ဖြင့် ဆောင်ရွက်ခဲ့တဲ့ အရှည်ပေ ၁၁,၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁ ပေ၊ ရှိတဲ့ ရွာချင်းဆက် မြေသားလမ်းကို အရည်အသွေး ကွင်းဆင်းတိုင်းတာခြင်းများ ပြုလုပ်ခဲ့ပြီးတော့ လူထု ဗဟိုပြု စီမံကိန်း ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ကျေးရွာ လူထုများနဲ့‌ တွေ့ဆုံပြီးတော့ ဆောင်ရွက်ပြီးစီးခဲ့တဲ့ စီမံကိန်း လုပ်ငန်းခွဲ ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေ၊ အသုံးပြု အကျိုးရှိပုံများကို မေးမြန်းခဲ့ပြီးတော့ လုပ်ငန်းခွဲများအတွက် လည်ပတ် ထိန်းသိမ်းရေး အစီအစဉ်များကို ဆွေးနွေးကာ တတိယနှစ်မှာ ဆောင်ရွက်သွားမယ့် စီမံကိန်း လုပ်ငန်းခွဲများ အကြောင်း ညှိနှိုင်း တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။

ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီနဲ့ ကျေးရွာလူထုများမှလည်း လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ထားရှိမှု အပေါ် ကျေနပ် အားရမှု ရှိကြောင်းနဲ့ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲ ဖြေရှင်းဆောင်ရွက်ခဲ့မှုများကို ကဏ္ဍအလိုက် တင်ပြဆွေးနွေး ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် စီမံကိန်း တာဝန်ရှိသူများ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကျေးရွာသူ ကျေးရွာသားများ လက်ရှိ ဖြစ်ပွားလျက် ရှိသော Covid-19 ရောဂါနဲ့ ပတ်သတ်ပြီး၊ ဆောင်ရန် ရှောင်ရန်များကို အသိပညာပေး မျှဝေကာ အသိပညာပေး ဗီနိုင်း ပိုစတာများ ကို ကျေးရွာ တာဝန်ရှိသူများအား ပေးအပ်ခြင်းနဲ့ လူအသွားအလာများတဲ့နေရာများမှာ ကပ်ခြင်းများကို ဆောင်ရွက်ပြီး၊ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ အားပေးစကားများကို ပြောကြားခဲ့ပါတယ်။

သတင်း - ဦးဇော်ဝင်း (CSAGS)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,