ရွှေကူမြို့နယ်၌ လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း)မှ နှာခေါင်းစည်းများ ဖြန့်ဝေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရွှေကူမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)မှ ပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် လူသွား လူလာများသော လမ်းဆုံနေရာများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရွှေကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်နှင့် ဝန်ထမ်းများက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ တပ်ဆင်ပေးခြင်းနှင့် အများပြည်သူများအသိသတိရှိစွာ နေထိုင်သွားလာကြရန်၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ကြရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာလျှင် သွားလာကြရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် နံရံကပ်စာစောင်များ ဖြင့်ပြသ၍ ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)

Credit - Ministry of Information

#NCDDP #DRD #MOALI #WorldBank

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%...