ပေါက်မြို့နယ် ထန်းတစ်ပင် ကျေးရွာတွင်း ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ပခုက္ကူ ခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ထန်းတစ်ပင် ကျေးရွာ အုပ်စု ထန်းတစ်ပင် ကျေးရွာမှာ ရွာတွင်း‌ ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်နေမှု အခြေအနေတွေကို မေလ ၁၂ ရက်နေ့က ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း မှ လက်ထောက်နည်းပညာမှူး ဒေါ်တင်မာနိုင်၊ လူထု စည်းရုံးရေးမှူး ဒေါ်ခိုင်တို့မှ လမ်းကော်မတီများနဲ့ တွေ့ဆုံပြီးတော့ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ရာ လိုအပ်တဲ့ နည်းပညာ များကို လုပ်ဆောင်နိုင်ဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။

 

အဆိုပါ ကျေးရွာ ရွာတွင်းလမ်းမှာ ထောက်ပံ့ရန်ပုံငွေ ၆၅ သိန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းများရဲ့ နည်းပညာ ပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှု ကျေးရွာနေ ပြည်သူများ လုပ်အားတို့ဖြင့် အရှည်ပေ ၈၅၀၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိ ကြောင်း သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,