ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ ကြည့်ရှု့

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဘွေတို့က ဇွန်လ ၁၇ ရက်နေ့မှာ စီမံကိန်း လုပ်ငန်းတွေ အကောင်အထည် ဖော် ဆောင်ရွက်နေတဲ့ ကျေးရွာတွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

ကွင်းဆင်း စစ်ဆေးခဲ့တဲ့ ကျေးရွာတွေမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ မီးတိုင် စိုက်ထူခြင်းနဲ့ မီးကြိုးသွယ်တန်းခြင်း၊ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်း၊ ကျောက်လမ်းခင်းခြင်း လုပ်ငန်းနဲ့ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းတို့ကို ကွင်းဆင်း စစ်ဆေးကြည့်ရှု့ ခဲ့ရာ ကျေးရွာ ကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းတွေ ရေရှည်တည်တံရေးအတွက် ပြုပြင် ထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားရန် သဘာဝ အရင်းအမြစ် ရေရှည်တည်တံ့ ရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းကြရန် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ကျေးရွာသူ ကျေးရွာသားတွေက အားလုံး ပူးပေါင်း ပါဝင် ဆက်လက်ဆောင်ရွက် သွားကြဖို့ အတွက် မှာကြားခဲ့ပါတယ်။

အဲဒီ ခရီးစဉ်မှာ ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ် ဦးစီးမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ် လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးခွန်ဇော်မျိုးထွန်း၊ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့နဲ့ တာဝန်ရှိသူတွေက လိုက်ပါ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank