မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

NCDDP’s Second Year Project Cycle Activities in Mawkmai Completed -

Shan, 13 October 2020, Kanbawza Tai News

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း (ဒုတိယ)နှစ်စက်ဝန်း လုပ်ငန်းများ ဖြစ်သည့် ကျေးရွာအုပ်စု ၈ အုပ်စု၊ ကျေးရွာပေါင်း ၁၀၃ ရွာမှ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၇၈ ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း လုပ်ငန်းခွဲများကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ အထိ စီမံကိန်း ချမှတ်ထားသော လမ်းညွှန် သတ်မှတ်ချက်များနှင့် အညီ စီမံကိန်းစက်ဝန်း အပိုင်းများနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မောက်မယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း (ဒုတိယ)စက်ဝန်းတွင် ထောက်ပံ့ရံပုံငွေ ကျပ်သန်း ၅၃၄ သန်းဖြင့် လမ်းလုပ်ငန်း ၂၈ ခု၊ တံတားလုပ်ငန်း ၆ ခု၊ ပညာရေးနှင့် သက်ဆိုင်သော အဆောက်အဦ ၃ ခု၊ ရေးပေးရေး လုပ်ငန်း ၁၄ ခု၊ မီးလင်းရေးလုပ်ငန်း ၁၀ ခု၊ ကျေးရွာခန်းမ ဆောင် လုပ်ငန်း ၁၆ ခုနှင့် အခြား (အုတ်ရေမြောင်း) ၁ ခု စုစုပေါင်း လုပ်ငန်းခွဲပေါင်း ၇၈ ခုအား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ လူဦးရေ ၂ သောင်းခန့် အကျိုးခံစားခွင့် ရှိမည်ဖြစ်ကြောင်းသိရသည်။

သတင်း - မိုင်းဉာဏ်

Credit – Kanbwza Tai News

#NCDDP, #DRD, #MOALI, #WorldBank

https://www.kanbawzatainews.com/2020/10/blog-post_80.html?fbclid=IwAR3oQhPQ67A5U-CX_40Ib3UISR6JEVeZDs3CsEpaaNgVQAJm053b-O8mVkQ