တွန်းဇံမြို့နယ်မှာ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ပို့စတာနဲ့ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ်မှာ ကျေးရွာတွေ အရောက် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ပို့စတာနဲ့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယခုလ ပထမပတ်က ပြုလုပ်ခဲ့ပါတယ်။

 

Unicef က ပံ့ပိုးလှူ ဒါန်းတဲ့ Covid-19 ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး ပို့စတာနဲ့ လက်ကမ်းစာစောင်တွေကို တွန်းဇံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက် ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေဟာ မြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၃၆ ရွာကို သွားရောက်ပေးအပ်ရာမှာ သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူတွေက လက်ခံ ရယူခဲ့ပါတယ်။

 

အဲဒီ အသိပညာပေး ပိုစတာနဲ့ လက်ကမ်း စာစောင်တွေကို ကျေးရွာနေ ပြည်သူများ ကြည့်ရှု့လိုက်နာဖို့ ကျေးရွာအတွင်းမှာ ရှိတဲ့ လူစည်ကားရာ နေရာတွေမှာ ပြသထားရှိပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank, #Unicef