အမျိုးသမီးများ ပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကော့ကရိတ်တွင် ကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ် ခရိုင် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းက အမျိုးသမီးများ ပူးပေါင်းပါဝင်မှု

အခွင့်အလမ်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီက ကော့ကရိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး

အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။ ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစောသန်းစိုးက

ဆွေးနွေးပွဲပြုလုပ်ရခြင်းနဲ့ ပတ်သတ်ပြီး ဆွေးနွေးပြောကြားခဲ့ပါတယ်။

 

ဆွေးနွေးပွဲအခမ်းအနားမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးချုပ်မှ ဦးစီးအရာရှိ ဒေါက်တာ ညွှန်းသွဲ့သွဲ့နိုင်၊ ကော့ကရိတ်မြို့နယ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစောဘဒေါက်ခေါ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး

ဦးသောင်းထိုက်ခေါ်၊ လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာ၊ သဟဇာတ လူငယ်အဖွဲ့မှ ဦးမန်းသိန်းဇော်၊ အမျိုးသမီးရေးရာ အဖွဲ့မှ

အတွင်းရေးမှူး ဒေါ်သန်းသန်းမြင့်တို့က ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အမျိုးသမီးတွေ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍ၊ အမျိုးသမီး လူငယ်

စွမ်းဆောင်ရည် မြှင့်တက်လာမှုနဲ့ ရရှိလာတဲ့ အကျိုးကျေးဇူးတွေ အနာဂါတ်မှာ အမျိုးသမီးတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိရေး

ခေါင်းစဉ်တွေနဲ့ ဆွေးနွေးကြပါတယ်။

 

အဆိုပါ ဆွေးနွေးပွဲ အခမ်းအနားကို အမျိုးသမီးကွန်ယက် အဖွဲ့ဝင်များ ရင်းနှီးမှု ပိုမိုရရှိလာပြီးတော့ အချင်းချင်း ပိုမို ချိတ်ဆက်လာနိုင်စေဖို့

အဖွဲ့ဝင်တွေ အချင်းချင်းတွေ့ဆုံပြီးတော့ Public Dialogue မှာ ဆွေးနွေးမယ့် အချက်တွေကို ဖော်ထုတ်လာနိုင်စေဖို့၊ အမျိုးသမီးတွေရဲ့

ပူးပေါင်းပါဝင်မှု အရေးကြီးပုံ ဆွေးနွေးဖို့၊ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ခြင်းနဲ့ပတ်သတ်တဲ့ အစီအစဉ်တွေ မျှဝေပေးဖို့ ဒေသတွင်း

လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပိုမို ပါဝင်ဆောင်ရွက်လာနိုင်စေဖို့ အမျိုးသမီးတွေ ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်

အခွင့်အလမ်းကောင်းတွေ ပံ့ပိုးပေးနိုင်တဲ့ ပတ်ဝန်းကျင် တစ်ခု ဖြစ်ပေါ်လာစေဖို့ ပြုလုပ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ‌ဆွေးနွေးပွဲ

အခမ်းအနားကို မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ၊ NGOs, CSOs တွေ၊ လူထုဗဟိုပြု စီမံကိန်းမှ အမျိုးသမီးတွေ ၊ ကွန်ယက်အဖွဲ့က

အမျိုးသမီးတွေ စုစုပေါင်း ၁၂၀ တက်ရောက်ခဲ့ပါတယ်။

 

သတင်း - စိုးမိုးကျော်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank