ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့နယ် အဆင့် သက်ဆိုင်သူ ပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲကျင်းပ

၁၁ရက် ဖေဖော်ဝါရီလ ၂၀၁၉

လူထုဗဟိုပြု စီမံကိန်း ပထမနှစ် စက်ဝန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့နယ် အဆင့် သက်ဆိုင်သူ ပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ (၁၁.၂.၂၀၁၉) အခမ်းအနားတွင် ကျေလက်ဦးစီး(ရုံးချုပ်) မှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့် အမှာစကား ပြောကြားပေးခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ်ဌာနဆိုင်ရာများ ခရိုင်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး အဖွဲ့အစည်းများ INGOs NGOs CSO များ မြို့နယ် ဌာနဆိုင်ရာများ ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာ စီမံကိန်း ကော်မတီဝင်များ စုစုပေါင်း (၂၅၀) ကျော် တက်ရောက် ခဲ့ပါသည်။

ထို့နောက် မြို့နယ် နည်းပညာအကြံပေး အဖွဲ့ ခေါင်းဆောင်မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် တစ်နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေကို တင်ပြဆွေးနွေးခဲ့ပါသည်။