ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များ ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲ လှိုင်းဘွဲ့မြို့တွင်ကျင်းပ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်း အကောင်ထည်ဖော်ဆောင်ရွက်နေတဲ့

လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း မြို့နယ်စီမံကိန်း ရေးဆွဲရာမှာ ကျေးရွာ ဖွံ့ဖြိုးရေး အစီအစဉ်တွေ ထည့်သွင်းရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို

ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက လှိုင်းဘွဲ့မြို့ အောင်ဆန်းခန်းမမှာ ကျင်းပပါတယ်။ ရှေးဦးစွာ လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး

ဦးစီးဌာန မြို့နယ် ဦးစီးမှုး ဦးစောအောင်မင်းငြိမ်းက အဖွင့်အမှာစကား ပြောကြားပါတယ်။ ဆက်လက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

ရုံးချုပ် စီမံကိန်း တာဝန်ခံ ဦးဇင်ဖြိုးအောင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနဲ့ ပတ်သတ်ပြီးတော့ လူထုဗဟိုပြု စီမံကိန်းနဲ့ အကောင်အထည်ဖော်

ဆောင်ရွက်နေတဲ့ မြို့နယ်တွေမှာ ကျေးရွာဖွံ့ဖြိုးရေး VDP အစီအစဉ်ကို ဌာနတွင်း ဘတ်ဂျတ်မှာ ထည့်သွင်းစဉ်းစား နိုင်ဖို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဲနောက်မှာတော့ ကျေးရွာအုပ်စု VDP စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေက အဖွဲ့ ၅ ဖွဲ့ခွဲပြီး၊ ကျေးရွာအတွက်

အမှန်တစ်ကယ် လိုအပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကြုံတွေ့ရမယ့် အခက်အခဲတွေ ဆောင်ရွက်ပြီးစီးရင် ရရှိလာမယ့် အကျိုးကျေးဇူးတွေ ကျေးရွာဖွံ့ဖြိုးရေး

အစီအစဉ်တွေကို တင်ပြကြရာ တက်ရောက်လာကြတဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက တင်ပြလာတဲ့ လုပ်ငန်းတွေကို ကဏ္ဍအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပမှာ ဖြစ်ပြီး၊ ကျေးရွာအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံ

ကဏ္ဍ၊ လူမှု စီးပွားကဏ္ဍ၊ သဘာဝဘေးဆိုင်ရာ ကဏ္ဍ၊ တခြားဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍတွေ၊ လူမှုရေးမှ ပညာရေး ကျန်းမာရေး Livelihoods စားဝတ်နေရေးလုပ်ငန်း

ဆိုင်ရာ ကဏ္ဍမှ စိုက်ပျိုးရေး မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းတွေ ၊ လည်ပတ် ရန်ပုံငွေ ထူထောင်ခြင်း စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာ

သင်တန်းတွေ ပေးခြင်း၊ သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး တွေအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီအခမ်းအနားကိုတော့ ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းတွေ၊ မြို့နယ်အတွင်း ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ INGOs, NGO, CSOs အဖွဲ့အစည်းတွေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးတွေ

ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။

သတင်း - စိုးမိုးကျော်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank