ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်း မြို့နယ်စီမံကိန်းရေးဆွဲရေးတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကို ထည့်သွင်းအကောင်အထည်ဖော် ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၂၅.၇.၂၀၁၈

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ မြို့နယ်စီမံကိန်းရေးဆွဲရေးတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကို ထည့်သွင်းအကောင်အထည်ဖော်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၃.၇.၂၀၁၈ မှ ၂၅.၇.၂၀၁၈ အထိ ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွွှန်ကြားရေးမှူး ဦးမြဝင်း နှင့် ဆောမြို့နယ်မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ နေပြည်တော်ရုံးချုပ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာသက်ရတနာထွန်း၊ ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြဦး၊ ဒုတိယဦးစီးမှူး/ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒေါ်သီရိဇင်မင်း နှင့် လူထုုဗဟိုပြုစီမံကိန်း မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်နီနီလွင် နှင့် လူထုဗဟိုပြုစီမံကိန်းအဖွဲ့ဝင်များ၊ ဆောမြို့နယ်ရှိ ကျေးရွာအုပ်စု (၆၃) အုပ်စုမှ ကျေးရွာသူ ကျေးရွာသားများမှ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အခမ်းအနားကျင်းပပြုလုပ်ရာတွင် ကျေးရွာများမှ အကောင်အထည်ဖော်ဆောင်ရွက်လိုသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသပြည်သူများမှ ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်ရှိ ဌာနဆိုင်ရာ အသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ရှိ၊ မရှိ နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးတင်ပြခြင်း နှင့် ထွက်ပေါ်လာသော ဆွေးနွေးချက်အဖြေများကို မြို့နယ်စီမံကိန်းရေးဆွဲရေးတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကို ထည့်သွင်းအကောင်အထည်ဖော် ရေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။