ကနီမြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်) အကောင်အထည်ဖော်ဆောင်ရွက် နေမှုများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

Coordination Meeting Organized for NCDDP’s Third Year Project Cycle Activities in Kani

Sagaing, 6 November 2020, Development News TV

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သော ကနီ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ်) စီမံကိန်း စက်ဝန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား စစ်ကိုင်းတိုင်း ဒေသကြီး လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်အိခင်ညို ခေါင်းဆောင်၍ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် Regional Office Consultant ဦးဝင်းရွှေမောင်နှင့် ကျေးလက် ‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန စီမံကိန်း ဝန်ထမ်းများ လိုက်ပါလျက် ကနီမြို့နယ် လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများနှင့် ၄/၁၁/၂၀၂၀ ရက်နေ့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာန အစည်းအဝေး ခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံ ဆွေးနွေးပွဲတွင် ဒုတိယ ညွှန်ကြားရေးမှူးမှ ကိုဗစ်ကာလ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ကြန့်ကြာမှုများ ရှိမည်ကို သိရှိပါကြောင်း ဆောင်ရွက်၍ ရသည့် အပိုင်းတွင် မြန်နိုင်သမျှ မြန်နိုင်အောင် ဆောင်ရွက်ရန် တိုက်တွန်း ပါကြောင်း၊ လုပ်ငန်း အခက်အခဲများ ရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြ ဆောင်ရွက်သွားကြရန် မှာကြား ခဲ့သည် ထို့နောက် စီမံကိန်း ဝန်ထမ်များမှ လုပ်ငန်း အခက်အခဲများ တင်ပြ ဆွေးနွေးပြီး၊ ဒုတိယ ညွှန်ကြားရေးမှူးနှင့် အဖွဲ့မှ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

သတင်း - ဟိန်းလတ်ကျော်

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit - Development News TV

https://web.facebook.com/108312817273501/videos/359450375170557