သတင်းပြန်ကြားဆက်သွယ်ရေးပြခန်းပြုလုပ်ခြင်း

 ၇ နိုဝင်ဘာလ ၂၀၁၉

ကရင်ပြည်နယ် ဘားအံမြို့ ယနေ့ နံနက်(7:00)တွင် ကျင်းပသော (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲ၌ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ (၂၀၁၈-၂၀၁၉) ဘဏ္ဏာရေးနှစ် ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လူထုဗဟိုပြုစီမံကိန်း လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ တည်ဆောက် ပြီးစီးခဲ့သော လုပ်ငန်းမှတ်တမ်များနှင့် လူထုဗဟိုပြုစီမံကိန်းမှ ထုက်ဝေထားသော IECများကို ကျေးလက်ဦးစီးဌာန ပြခန်းတွင် ပြသထားလျက်ရှိပါသည်။

အဆိုပါ ခင်းကျင်းပြသလျက်ရှိသော မှတ်တမ်းဓါတ်ပုံများအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ဝန်ကြီးများအဖွဲ့နှင့် KNU ဥက္ကဌ ဦးစောမူထူးစေးဖိုးတို့မှ ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

ဆက်လက်၍ ပြခန်းသို့လာရောက်ကြသော ဧည့်သည်တော်များအား လူထုဗဟိုပြုစီမံကိန်းနှင့်ပတ်သက်၍ သိကောင်းစရာများကို အမေးအဖြေများပြုလုပ်ပြီး မေတ္တာလက်ဆောင်များအနေဖြင့် စီမံကိန်းအမှတ်တံဆိပ်ပါ T-Shirt ဦးထုပ်နှင့် ဘောပင်တို့အား ပေးလျက်ရှိပါသည်။