လက်ထောက်နည်းပညာမှူးများအတွက် မွမ်းမံသင်တန်းဖွင့်လှစ်ကျင်းပခြင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ၉.၉.၂၀၁၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)၊ လက်ထောက်နည်းပညာမှူးများအတွက် မွမ်းမံသင်တန်းကို ၉.၉.၂၀၁၉ ရက်နေ့မှ ၁၃.၉.၂၀၁၉ ရက်နေ့ထိ ပူတာအိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးထွန်းကိုကိုနှင့် စီမံကိန်းတာဝန်ခံ ဒေါ်ခင်မေဝင်းတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းကို

  • စီမံကိန်းဝန်ထမ်းများ၏ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် Project Management ၏ သဘောတရားများကို သိရှိနားလည်တတ်စေရန်
  • Technical Audit Report ၏ တွေ့ရှိချက်များမှ သင်ခန်းစာများရယူနိုင်စေရန်
  • Project Management ဆိုင်ရာ အသုံးအနှုန်းများ၊ အထောက်အကူကိရိယာများနှင့် နည်းစနစ်မျာအား သင်ယူရရှိနိုင်စေရန်
  • စီမံကိန်းလုပ်ငန်းခွဲများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် နည်းပညာအရ ကိုက်ညီမှုရှိသော Design များ ပြုလုပ်တတ်စေရန်
  • စီမံကိန်း၏ အကာအကွယ်မူဝါဒဖြစ်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကာအကွယ်တွေကို ပို၍ သိရှိနားလည်ကျင့်သုံးလာစေရန်

စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သင်တန်းတွင် သင်တန်းသား/သူ စုစုပေါင်း ၈ ဦးတက်ရောက်ခဲ့ပြီး သင်တန်းနည်ပြများအဖြစ် ဦးဇင်ဖြိုးအောင်နှင့် ဒေါ်နွေးနွေးအောင်တို့မှ ပို့ချခဲ့ရာ သင်တန်းကာလကို ၅ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။