လူထုဗဟိုပြုစီမံကိန်း ဆဌမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲကျင်းပ



၂၀၁၉ အောက်တိုဘာလ ၈ရက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း(CDD) ဆဌမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲကို (၈.၁၀.၂၀၁၉)ရက်နေ့တွင် M Gallery Hotel ၌ နံနက်(၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် ကမ္ဘာ့ဘဏ်မှ Acting Country Director ဖြစ်သူ Mr.Gevorg Sargsyan က အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ စီမံကိန်းအကြောင်း အနှစ်ချုပ်အားရှင်လင်းတင်ပြခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်လာကြသောဧည့်သည်တော်များက မှတ်တမ်းဓာတ်ပုံများအား လှည်လှည့်လည်ကြည့်ရှု့ခဲ့ကြပါသည်