နန်းအီခက်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ

 ၃၀ ဒီဇင်ဘာ ၂၀၂၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း မြပတိုင်ကျေးရွာအုပ်စု နန်းအီခက်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ကျေးရွာကော်မတီဝင်များ ဦးဆောင်၍ ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၈:၃၀ အချိန်တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မြပတိုင်ကျေးရွာကျောင်းထိုင်ဆရာတော် ဥူးကဝိဓဇ္ဇ မှ အဆိုပါလမ်းအတွက် ပရိတ်ရွက် တရားနာရေစက်ချပြီးနောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်ဖူးနောင်နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လစ်ပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းမှာ စီမံကိန်းရန်ပုံငွေကျပ် (၁၃၂) သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး အတိုင်းအတာအားဖြင့် အရှည် ၈၅၅ ပေ x အကျယ် ၁၂ ပေ နှင့် အထူ ၆ လက်မဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုလမ်းဖြစ်မြောက်ရေး နည်းပညာအကူအညီများအားဖြင့် လူထုဗဟိုပြုစီမံကိန်းမှ လက်​ထောက်နည်းပညာမှူး ဒေါ်စုစုဇော် ၊ လူထုစည်းရုံး​ရေးမှူး ဒေါ်နန်းအေးအေးမော် ​တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန နှင့် မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူး​ပေါင်းပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေခြင်းဖြစ်ကြောင်း၊ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် နန်းအီခက်ကျေးရွာမှ အိမ်​ထောင်စု(၅၅)စု လူဦးရေ (၄၂၅)ဦးတို့အတွက် နှစ်စဉ်ကြုံတွေ့နေရသော မိုးရာသီ လမ်းပန်ဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးလျက် ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးလုပ်ငန်းများအတွက် သွား/လာ​ရေးလွယ်ကူ အဆင်​ပြေလာ​ပြီဖြစ်ကြောင်းသိရပါသည်။