သတင်းပြန်ကြားဆက်သွယ်ရေးနှင့် အသိပညာပေးအခမ်းအနားပြုလုပ်

 

ပေါင် စက်တင်ဘာ ၁၂

        စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပေါင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း သတင်းပြန်ကြားရေးနှင့် အသိပညာပေးအခမ်း အနားကို ပေါင်မြို့နယ် ကဒိုင်ကျေးရွာအုပ်စု၊ ကဒိုင်ကျေးရွာတွင်  စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာ စီထောက်ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာလူထုများနှင့် စီမံကိန်းမှတာဝန်ရှိဝန်ထမ်းများ စုစုပေါင်းလူဦးရေ ၂၁ဝ ဦး တက်ရောက်ခဲ့ကြသည်။

        အခမ်းအနားတွင် မြို့နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒေါ်တင်ဇာဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာ ကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများမှ ဉာဏ်စမ်းမေးခွန်းများ ဖြေကြားကာ အမှတ်တရလက်ဆောင်ပေးအပ်ခြင်း များပြုလုပ်ခဲ့ကြပါသည်။