မြို့နယ်စီမံကိန်းရေးဆွဲရေးတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကို ထည့်သွင်းအကောင်အထည်ဖော်ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့်မြို့နယ်တိုင်းတွင် VDP Plan များရှိရာ စီမံကိန်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့်လုပ်ငန်းများသည် သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဘတ်ဂျက်ဖြင့် နှစ်စဉ်နှစ်တိုင်း အကောင်အထည်ဖော်ရာတွင် ထည့်သွင်း စဉ်းစားနိုင်ရန်နှင့် မိမိတို့စီမံကိန်းမှ ထောက်ပံ့ပေးမည့်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ကျေးရွာအတွက် အကျိုးရှိစွာအသုံးချနိုင်ရန် ရည်ရွယ်၍ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ မြို့နယ်စီမံကိန်းရေးဆွဲရေးတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကို ထည့်သွင်းအကောင်အထည်ဖော်ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို (၁၂.၉.၂၀၁၉)ရက်နေ့တွင် တွန်းဇံမြို့၊ ချင်းရွှေပြည်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်းတက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားကာ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း၊ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းမှ တွန်းဇံမြို့နယ် လူထုဗဟိုပြုစီမံကိန်း၊ ပထမနှစ်နှင့်ဒုတိယနှစ်စက်ဝန်း (၂)နှစ်တာ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းခွဲများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပေးခဲ့ကြပြီး တွန်းဇံမြို့နယ်ကျေးလက်ဦးစီးမှူး ဦးနန်ဒိုးဆူမ်းမာန်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။

ထို့နောက် ကျေးရွာအုပ်စုကိုယ်စားလှယ်များမှ ကျေးရွာများတွင် ကြုံတွေ့နေရသော လုပ်ငန်းလိုအပ်ချက်များ၊ အခက်အခဲများနှင့်အကောင်အထည်ဖော်ဆောင်ရွက်ပါက ရရှိလာမည့် အကျိုးကျေးဇူးများကို တင်ပြခဲ့ကြရာ သက်ဆိုင် ရာဌာနဆိုင်ရာကိုယ်စားလှယ်များမှ ၄င်းတို့လိုအပ်ချက်အပေါ် ရေတိုလိုအပ်ချက်နှင့်ရေရှည်လိုအပ်ချက်များ၊ အကောင်အထည်ဖော်ရန်နည်းလမ်းများကို ပြန်လည် ရှင်းလင်းပေးခဲ့ကြပြီး တွန်းဇံမြို့နယ်ကျေးလက်ဦးစီးမှူး ဦးနန်ဒိုးဆူမ်းမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြ ပါသည်။

အခမ်းအနားသို့ ကျေးရွာအုပ်စု(၃၁)အုပ်စုမှ ကိုယ်စားလှယ်များ၊ NGO၊ INGO အဖွဲ့အစည်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။