ဆီမီးကျေးရွာ စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်း အစည်းအဝေးကျင်းပ

သြဂုတ် ၂၉

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) စီမံကိန်းမိတ်ဆက်အစည်းအဝေးကို မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ဆီမီးကျေးရွာအုပ်စု ဆီမီးကျေးရွာ၌ သြဂုတ်လ ၂၂ ရက်မှှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး / လူထုစည်းရုံးရေးမှူးများ / လက်ထောက်နည်းပညာမှူးများနှင့် ကျေးရွာအတွင်ရှိ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများ ကျေးရွာလူထုများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးပထမရက် စတင်ချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး အဖွင့်အမှာစကားပြောကြားပြီး လူထုဗဟိုပြုစီမံကိန်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းမိတ်ဆက် ၁၅ ချက်အား လူထုစည်းရုံးရေးမှူးမှ ကျေးရွာလူထုအား ရှင်းလင်းခဲ့ပါသည်။ဆက်လက်၍ အဓိကတာ ဝန်ရှိသူများ၏ တာဝန်ဝတ္တရားများနှင့် တာဝန်ယူမှုတာဝန်ခံမှုအပိုင်းများကို ရှင်းလင်းကာ ကျေးရွာစေတနာ့ဝန်ထမ်း ၂ဦးကို ကျေးရွာလူထုအားလုံး ဆွေးနွေး၍ ရွေးချယ်ခဲ့ကြပါသည်။ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် အဖြစ် (PRA TOOL) များကို ကျေးရွာလူထုများမှ ကိုယ်တိုင် ဆွေးနွေးရေးဆွဲကြကာ အစည်းအဝေးပထမရက်ကို ရပ်နားခဲ့ပါသည်။ အစည်းအဝေးဒုတိယနေ့တွင် ကျေးရွာလူထုအားလုံးမှ အမျိုးသား အမျိုးသမီး (၂)ဖွဲ့ခွဲ၍ ကျေးရွာအတွင်းတွေ့ကြုံနေရသော အခက်အခဲများ မျှော်မှန်းချက်များကို ဆွေးနွေးဖော်ထုတ်ကြပြီး လုပ်ငန်းခွဲများကို ရွေးချယ်ခဲ့ပါသည်။ ဆက်လက်ပြီး ထွက်ပေါ်လာသောလုပ်ငန်းခွဲများကို ဦးစားပေးအဆင့် သတ်မှတ်ရွေးချယ်ခဲ့ပါသည်။ထို့နောက် လူထုဗဟိုပြုစီမံကိန်း(စတုတ္တနှစ်)တွင် ကျေးရွာအတွင်း တာဝန်ထမ်းဆောင်မည့် ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီအဖွဲ့အား ကျေးရွာလူထုအားလုံးမှ ရွေးချယ်တင်မြှာက်ကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။