သာပေါင်းမြို့နယ်တွင် ကျေးရွာချင်းဆက်ကွန်ကရစ်တံတားဖွင့်ပွဲကျင်းပ

ဇွန်လ (၃၀)

   ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ် )စက်ဝန်း ရန်ပုံငွေ၊ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ခဲ့သည့် ရှောပြာကုန်းကျေးရွာအုပ်စု၊ ရှောပြာကုန်းကျေးရွာနှင့် ဆပ်သွားကျေးရွာအုပ်စု၊ ရှောပြာကျေးရွာ ကျေးရွာ ချင်းဆက်ကွန်ကရစ်တံတားဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါတံတားအနီး၌ ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက အဖွင့်အမှာ စကား ပြောကြား သည်။ ဆက်လက်၍ မြို့နယ်နည်းပညာပေးအဖွဲ့ခေါင်းဆောင် ဦးဟန်မင်းစိုးက လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းစဉ်များနှင့် ကျေးရွာချင်းဆက်ကွန်ကရစ်တံတား ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ကွန်ကရစ်တံတားလုပ်ငန်းဖွင့်ပွဲမုဒ်ဦးကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအောင်အောင်ဦးနှင့် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း ၊မြို့နယ် နည်းပညာပေးအဖွဲ့ခေါင်းဆောင် ဦးဟန်မင်းစိုးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ အဆိုပါ ကျေးရွာချင်း ဆက်ကွန်ကရစ်တံတားအရှည် ၁၁၀ပေ၊ အကျယ် ၉ပေ ၁၀လက်မ၊အမြင့် ၁၇ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေကျပ် ၅၀သိန်းနှင့် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၁၅၁သိန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၆.၅သိန်းတို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထု ဗဟိုပြုစီမံကိန်း ဝန်းထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ/ ကျေးရွာသားများကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။